"သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေးဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။"
'' လူသားဖြစ်တည်မှု နှင့် လူတစ်ဦးချင်းစီ၏ တန်ဘိုးဟူသည် မိမိတို့ပိုင်ဆိုင်သော ဥစ္စာများထက် များစွာ သာလွန်ပါသည်။
အစိုးရများ၊ နိုင်ငံရေးစနစ်၊ နှင့် အိုင်ဒီယာများဟူသည် ဖြစ်ပျက်သဘော မျှသာ ဖြစ်ပြီး လူသားဖြစ်တည်မှုသည်သာလျှင် ကျန်ရှိပါမည် '' ဦးသန့်
နှလုံးသားကို လက်ဆင့်ကမ်းပေးပါ
သည် တော့ ကျမတို့ မျိုးဆက်သည် အခြေအနေ၊ အကြောင်းတရားတခုအား ခွဲခြမ်းစိတ်ဖြာ လေ့လာနိုင်ခြင်း၊ ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်ခြင်း အလေ့ ငယ်ကတည်းက ချိုးနှိမ်ခံလိုက်ရပြီ။ အစွန်း၏ တဖက်၌မူကား မိမိယုံကြည်ရာကို တရားလွန် ကိုးကွယ်ခြင်းများဖြစ်လာသည်။ ကျိုးကြောင်းနည်းကျ စကားစစ်ထိုးခြင်းလဲ မပြုနိုင်တော့။ သိသူ၊ တတ်သူ ပညာရှင်က ပြောဆိုလာလျှင်တောင် မျက်စိမှိတ် ခေါင်းယမ်း ငြင်းသည့် ငါစကား နွားရတွေ ဖြစ်ကုန်ကြတော့သည်။
မျိုး ဆက်တခုမှ တခုသို့ နှလုံးသား လက်ဆင့်ကမ်းပုံ၊ ကမ်းနည်း သိမ်မွေ့ဖို့ လိုအပ်ပါသည်။ ပညာရှင်များ အနေနှင့်လဲ ထိုအရာကို သဘောပေါက်သင့်သည်။ လက်ရှိ မျိုးဆက်အနေဖြင့်လဲ မှန်ကန်သော လေ့လာဆည်းပူးမှု ရှိသင့်ပါသည်။ ကျမတို့ ရှေ့က မျိုးဆက်၏ နှလုံးသား လက်ဆင့်ကမ်းရန် ပျက်ကွက်ခဲ့မှုကို အမြန်ဆုံး ပြန်လည်တည်ဆောက်သင့်ပြီ ဖြစ်သည်။
သော်တာသစ်
မတ်လ ၂ ရက်၊ ၂၀၁၁ ခုနှစ်
ကမ္ဘာ့စံ လား မြန်မာ့စံ လား မြို့နယ်စံ လား ရပ်ရွာစံ လား။ ကိုယ်ပိုင် စံ ပဲလုပ်ကြတာပေါ့...
သရုပ်ဆောင်ပညာ မတတ်တဲ့လူ ကို ဟန်လုပ်သရုပ်ဆောင် ခိုင်းနေကြတယ်။
လက်ညိုးတစ်ချောင်းပဲ ထောင်ပြစရာလိုတဲ့ အဆင့်ကို
ဝက် ဖြစ်မှတော့ ... ကြောက်မနေပါနဲ့
|အ|ကယ်|၍| |ကျွန်|တော်|၏|အ|ကြီး|မား|ဆုံး|ဆန္ဒ|သည်| |အ|မှန်|ဖြစ်|ခဲ့|သော်| |ကျွန်|တော်|သည်| |အ|ပျော်|ရွှင်|ဆုံး |ပုဂ္ဂိုလ်|တစ်|ဦး|တ|ကယ်|ဖြစ်|လာ|ပါ|လိမ့်|မည်|။|
Subscribe to:
Post Comments (Atom)
1 comment:
ကောင်းလိုက်တဲ့ စာသား ပဲ ကို ဇော်ကလေးရဲ့
Post a Comment